စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကျင်းပ

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး ၄/၂၀၂၃ ကို ၂၉.၁၂.၂၀၂၃ ရက်နေ့ ၊နံနက် ၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊စားသုံးသူရေးရာကော်မတီ ဥက္ကဌ နိုင်လယိတမနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

  အစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ နိုင်လယိတမက အဖွင့်အမှာ စကားပြောကြားရာတွင် ယခင်အစည်းအဝေး၏ ဆုံးဖြတ်ချက်(၅)ချက် ဆုံးဖြတ်နိုင်ခဲ့ကြောင်းနှင့် ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာန များမှ မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နစ်နာမှုများအပေါ်တိုင်ကြားလာပါက ထိရောက်မြန်ဆန်စွာဖြေရှင်း ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ကော်မတီဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဌက လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

    အခမ်းအနားတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌပါ ကော်မတီအဖွဲ့ဝင် (၈) ဦး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၁၂) ဦး စုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မွန်)