နေပြည်တော်၊ (၅-၁-၂၀၂၄)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ၏ ဖော်ထုတ်ချက် (၄၃) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၂၃) ဦးပါဝင်သည့် “သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force)” ၏ လုပ်ငန်းတာဝန် များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ (Working Group) ကို စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် အကောင် အထည်ဖော်ဆောင်ရွက်ရေး အစိုးရကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ (Working Group) ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၅၂)၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် အစိုးရကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ (Working Group) အဖွဲ့ ခေါင်းဆောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်က Warehouse Receipt Financing System ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ ကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၂၃၁/၂၀၂၂) အရ ဆန်စပါးကဏ္ဍနှင့်စပ်လျဉ်း၍ တာဝန်ခံဝန်ကြီးဌာနအဖြစ် စီမံထိန်းကျောင်းရန် တာဝန်နှင့် လုပ်ပိုင်ခွင့်အပ်နှင်းခံရပြီဖြစ်သည့်အတွက် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုတဲ့ ငွေကြေးထောက်ပံ့မှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက်လည်းကောင်း၊ ဆန်စပါး ကဏ္ဍစနစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်နှင့် ပြည်တွင်း ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးတို့အပေါ် စီမံထိန်းကျောင်းနိုင်ရေးအတွက်လည်းကောင်း အခြေခံကျသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ Working Group အဖွဲ့ဝင်များအနေဖြင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ စည်းမျဉ်းနှင့် စံလုပ်ထုံးလုပ်နည်းထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့ခွဲ ဒုတိယအဖွဲ့ခေါင်းဆောင် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် သိုလှောင်ရုံကုန် အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှု (WRF) စနစ် (WRFS) အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအလိုက် အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ချိန်ညှိ၍ ပြန်လည်စိစစ်သုံးသပ်တင်ပြပေးစေ လိုပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် WRF စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုင်ရာ စည်းမျဉ်း (Regulation) နှင့် စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) ထုတ်ပြန်နိုင်ရေး ရေးဆွဲပြုစု၍ လုပ်ငန်းအဖွဲ့ထံ တင်ပြအတည်ပြုချက်ရယူသွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ဝင်များအနေ ဖြင့် WRF စနစ် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့ထံ လိုအပ်သည့် အကြံပြုချက်များ၊ သုံးသပ်ချက်များ ပြုစုတင်ပြသွားရ မည်ဖြစ်ပါကြောင်း၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ခွဲ အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့် စပ်လျဉ်း ၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က “ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်” ထုတ်ပြန် နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ခွဲ အဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြု သည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့ မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အစိုးရကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ (Working Group) အဖွဲ့ခေါင်းဆောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ Working Group ဒုတိယ အဖွဲ့ခေါင်းဆောင် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် Working Group အဖွဲ့ဝင်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ITQM