စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၃)ကြိမ်မြောက်ကျင်းပ

Powered by Drupal

      (၂၇.၁၂.၂၀၂၃) နေ့၊ ညနေ (၃) နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (DICA)  အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၃)   အကြိမ်မြောက်ကျင်းပခဲ့ရာ စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာကော်မတီ ဉက္ကဌ ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး  ကော်မတီအဖွဲ့ဝင်များနှင့် ဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာကော်မတီဥက္ကဌ ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအစည်းအဝေးတက်ရောက်လာကြပါသော ကော်မတီအဖွဲ့ဝင်များနှင့်ဌာနမှ ဝန်ထမ်းများ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပြီး ဌာန၏ လုပ်ငန်းတာဝန်များကို လစဉ်လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု၊ စားသုံးသူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် စားသုံးသူအသိပညာ‌ပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်း တာဝန်များ၊ စည်းကမ်းများ လိုက်နာဆောင်ရွက်စေရန် ပညာပေး ဆွေးနွေးခြင်း၊ မိတ်ဖက် ဌာနများနှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်လုပ်ငန်းများ၊ ဆောင်ရွက် နိုင်မှုများကိုသိရှိရ၍ ကောင်းမွန်သောဆောင်ရွက်မှုများဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုကြောင်း လိုအပ်ချက်များရှိပါက ကော်မတီသို့ တင်ပြပြီး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က(၃/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လစဉ်လျာထားချက်များအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့်အခြေအနေများအား အမှာစာ(၅)ဆောင်ဖြင့်တင်ပြ၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင်အရေးများနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သွားမည့်အစီအစဉ်များ ကြိုတင်ပြင်ဆင်ထားရှိမှုအား တင်ပြ ဆွေးနွေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များမှလည်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ပူပေါင်းဆောင်ရွက်အကြံပြုဆွေးနွေးခြင်းနှင့် စားသုံးသူရေးရာကော်မတီဥက္ကဌက (၃)လတစ်ကြိမ် ကော်မတီအစည်းအဝေး ဆောင်ရွက်နိုင်မှု လိုအပ်ချက်များ၊ အားသာချက်အားနည်းချက်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်များကို ကျေးဇူးတင်ပါကြောင်း၊  ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လိုအပ်သလို ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း၊ အမှာစာ(၅)ဆောင်ဖြင့် တင်ပြဆွေးနွေးမှုများအား အတည်ပြုခြင်းနှင့် ကော်မတီအဖွဲ့ဝင်များကလည်း ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့အတွက် လိုအပ်သောနေရာများတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စားသုံးသူရေးရာကော်မတီ (၃/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)