စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) သည်(၃.၁.၂၀၂၄)ရက်နေ့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Center)၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် အမှတ်(၄) အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ စားသုံးသူအခွင့်အရေးပါ စားသုံးသူအမှန်တကယ် နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ရှိပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖေါ်ပြရမည့်အချက်များ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာပါရှိသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊ကျောင်းသားကျောင်းသူများအား ကုန်စည်နှင့်အစားအသောက်များ ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် တားမြစ်ဆိုးဆေးများ၊ တာရှည်ခံဆေးများဖြင့် ပြုလုပ်ထားသော အစားအသောက်များ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသောအစားအသောက်များကို ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရွေးချယ်ဝယ်ယူသုံးစွဲရန်လိုကြောင်း၊ စားသုံးသူကိစ္စရပ်များစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center 1535 အား ဖွင့်လှစ်ထားရှိကြောင်း၊စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca.mm.websiteတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၄၅)ဦး၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။
DOCA(ကချင်)