ချောင်းဆုံမြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၅.၁.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ချက်၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အထောက်အထားများ၊ လျှောက်ထားပုံနည်းစနစ်များ၊ အွန်လိုင်းမှတ်ပုံတင်သူများ လိုက်နာရမည့် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက ဆက်သွယ်ရန် အီးမေးလ်နှင့် ဖုန်းနံပါတ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)