“မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ ကွင်းဆင်း’’

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂ . ၁ . ၂၀၂၄) ရက်နေ့ ၊(၁၀:၀၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့တို့သည် မိတ္ထီလာမြို့ပေါ်ရှိလိုင်စင်သက်တမ်း ထပ်မံမတိုးသော ဆေးဆိုင်(၅)ဆိုင်မှာ ဆက်လက်ရောင်းချနေခြင်းရှိမရှိ ကွင်းဆင်စစ်ဆေးခဲ့ရာအဆိုပါ ဆိုင်များသည် ဆက်လက်ရောင်းချခြင်းမရှိဘဲ ပိတ်သိမ်းထားသည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)