မြိတ်မြို့၊ ဘုတ်ချောင်းရပ်၊ သံသရာအေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောကွင်းဆင်း

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဘုတ်ချောင်းရပ်၊ သံသရာအေးဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ ဌာနမျှော်မှန်ချက်နှင့်ရည်မှန်းချက်များအပြင် စားသုံးသူများအတွက် အခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက် ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များဝယ်ယူသင့်ကြောင်း၊ အစားအသောက်များအား ထုတ်လုပ်/ကုန်ဆုံးရက်ကြည့်၍ စားသုံးသင့်ကြောင်းပြောကြားခြင်းနှင့် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက်စားသုံးရာတွင် ဘေးကင်းစေရန် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သောအစားအသောက်များအား FDA website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောပွဲအပြီးတွင် ကျောင်းသူ/သားများ အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ   စားသုံးနိုင်ရေးရည်ရွယ်၍      ကျောင်းမုန့်စျေးတန်းများတွင်   သက်တမ်းလွန်စားသောက်ကုန်များရှိ/မရှိ၊ တားမြစ်ထားသော အစားအသောက်များရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)