မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များနှင့် ပုဂ္ဂလိကဆေးရုံများသို့ ကွင်းဆင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်တို့နှင့် ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံ (၅) ရုံအား မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများနှင့်ဆေးဝါးအတုများဖြစ်သည့် AVASTIN (BEVAC IZUMAB) Injection ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးရာတွင် ဆေးရုံများတွင် အဆိုပါ ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရှိရပါသည်။  

DOCA(မန္တလေး)