လူသုံးကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသည်  စားသုံးသူ‌ရေးရာလုပ်ငန်းများအပြင် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါလ ၈ ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီချိန်တွင် မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးသည် မိတ္ထီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ “ရိုးမ” လူသုံးကုန်လုပ်ငန်းထုတ်လုပ် ရောင်းချသော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဌာနမှာ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် (၂/၂၀၁၉) ပါ လူသုံးကုန်များ တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊ ဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊  ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုရိုးရှင်းမှန်ကန်စွာ ဖော်ပြရန်တာဝန်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက် နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)