စစ်ကိုင်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ဇန်နဝါရီလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များဖြစ်သော “ကမ္ဘာကျော်”နှင့် “ကံသာ”ဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးများဖြစ်ည့် HRB-500၊  HRB-400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့် H-Beam၊ I-Beamနှင့် Hollow အမျိုးအစားများကို စစ်ဆေးခဲ့ပါသည်။

   အဆိုပါအရောင်းဆိုင်(၂)ဆိုင်တွင်ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးနှင့်သံမဏိများ ရောင်းချနေမှုအခြေအနေအား စစ်ဆေးခဲ့ရာ ပြည်တွင်းမှထုတ်လုပ်သည့် သံချောင်းလုံးနှင့် သံမဏိများ ရောင်းချခြင်း၊ သံချောင်းလုံးများကို အချောင်းလိုက်သော်လည်းကောင်း၊  တန်ဖြင့်သော်လည်းကောင်း ဝယ်ယူရောင်းချသည်ကို စိစစ်တွေ့ရှိရခြင်း၊ HRB-500အမျိုးအစား သံချောင်းလုံးများသည် တစ်တန်အတွက် သတ်မှတ်ထားသော အချောင်းအရေအတွက်ရှိသော အလေးချိန်သည် တစ်တန်လျှင် ၁၀၀၀ ကီလိုဂရမ်ပြည့်မီရန် အနီးစပ်ဆုံးရှိပြီး၊ HRB-400 အမျိုးအစား သံချောင်းလုံးသည် အနည်းငယ် အလေးချိန်ကွာဟမှုရှိနိုင်ကြောင်း၊ စစ်ဆေးခဲ့သောဆိုင်များတွင် HRB-400 အမျိုးအစား သံချောင်းလုံးများကို အများဆုံးဝယ်ယူရောင်းချကြောင်း ဆိုင်ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။ လုပ်ငန်းသုံးသံမဏိများဖြစ် သည့် I-Beam ၊ U-Beamနှင့် Hollow  အမျိုးအစားများ ရောင်းချရာတွင် တစ်ချောင်းခြင်း ဈေးနှုန်းဖြင့် ရောင်းချပြီး အထူးအပါးအပေါ် မူတည်၍ ဈေးနှုန်းအနည်းအများ ကွာခြားရောင်းချသည်ကို တွေ့ရှိခဲ့ရပြီး စစ်ကိုင်းခရိုင်ဦးစီးမှူးက ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးနှုန်းမှန် ရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)