စက်မှုဝန်ကြီးဌာန၏ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ MSME Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားစတင်ချိန်မှာတော့ E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က ပြခန်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြခန်းဖွင့်လှစ်ခြင်းအတွက် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ထို့နောက် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းနှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်စကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
DOCA(ရန်ကုန်)