ဘီးလင်းမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၈.၁.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ရတနာစံအိမ်ဆောက်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်နှင့် စိန်သန်းဦး သံထည်နှင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တို့သို့ သွားရောက်၍ သံချောင်းလုံး၊ သံမဏိများရောင်းချနေမှုတွင် အလေးချိန်နှင့် ဈေးနှုန်းအခြေအနေများကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    အိမ်ဆောက်ပစ္စည်းအရောင်းများတွင် HRB 500, 10 mm, 12 mm, 16mmနှင့် Hollow ချောင်းများကို အချောင်းလိုက်ရောင်းချခြင်း၊ တန်အလိုက်ရောင်းချခြင်းများကို တွေ့ရှိရပြီး ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း ပစ္စည်းအမျိုးအစားအလိုက် အလေးချိန်၊ အရွယ်အစား၊ သံထည်အမျိုးအစားနှင့် ပြည်တွင်းထုတ်ကုန်၊ ပြည်ပမှ တင်သွင်းသောပစ္စည်း စသည်ဖြင့် အမျိုးအစားခွဲခြားပြီး ဝယ်ယူသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်စေရန် အညွှန်းစာများ၊ ဈေးနှုန်းများ ရိုက်နှိပ်ပြီး ရောင်းချကြောင်း သိရှိရသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများမှလည်း လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)