ဟားခါးမြို့ပေါ်ရှိ စားသုံးကုန်၊လူသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချနေသူ များအား သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(ပြည်နယ်ဦးစီးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးအောင်သန်းဝင်း(မြို့နယ်ရဲတပ်ဖွဲ့မှူး) ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးနန်ဆွင်မာန်(အငယ်တန်းစာရေး)၊ ပြည်မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ် (ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း (အငယ်တန်းအင်ဂျင်နီယာ-၄)တို့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အရည်အသွေးပြည့်မီခြင်းမရှိသော အိမ်ဆောက်ပစ္စည်းများ ဈေးကွက်အတွင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်မာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများမှ တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသုံးကုန်ပစ္စည်းသော်လည်ကောင်း၊ လူသုံးကုန်ပစ္စည်းသော်လည်ကောင်း၊ အိမ်ဆောက်ပစ္စည်းသော်လည်းကောင်း အဆိုပါကုန်စည််တစ်မျိုးမျိုးကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေရန် ယခုလို လစဉ်ဈေးကွက်အတွင်း လာရောက်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များ၊ အကြံပြုချက်များကို  ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)