ဟင်္သာတမြို့နယ်တွင် နိုင်ငံဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားအုန်းဆီများရောင်းချပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ ဦးဆောင်မှုဖြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာထုတ်ကြသော နိုင်ငံဝန်ထမ်း ပင်စင်စားများအား အာဟာရများဖြင့်ဧည့်ခံခြင်း၊ အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို (၁၅.၁.၂၀၂၄)ရက်နေ့ ၊နံနက် (၉:၃၀) မှ နေ့လယ် (၁၂:၀၀)ထိ ပြုလုပ်ခဲ့ပါသည်။

     ပင်စင်စားဝန်ထမ်း (၄၇)ဦးအား အာဟာရနို့ဆန်ပြုတ်ဖြင့် ဧည့်ခံခြင်းနှင့် တစ်ဦးချင်းမှတ်တမ်း စာရင်းရေးသွင်း၍ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွေးတွင်း အောက်စီဂျင် တိုင်းတာပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး၊ နိုင်ငံဝန်ထမ်းပင်စင်စားများနှင့် မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)