ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များဆောင်ရွက်ပေး

Powered by Drupal

     နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံး၏ အဓိကဖြစ်သော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် အရင်းအနှီးရရှိမှုသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ (MSME)လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို ချိတ်ဆက်ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေး (ဒုတိယဦးစီးမှူး)သည် တောင်တွင်းကြီးမြို့၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော မောင်းတိုင်(၁)ရပ်ကွက်ရှိ “Crown” ပေါင်မုန့်မျိုးစုံလုပ်ငန်းအား (၁၀.၁.၂၀၂၄)ရက်နေ့တွင် လုပ်ငန်းအခြေအနေလိုအပ်ချက်များနှင့် အခက်အခဲများကို သွားရောက်မေးမြန်းခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉နှင့်အညီ အခန်း(၁၈)ပါ ပုဒ်မ(၄၁)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)