မိတ္ထီလာခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ရတနာမာန်အောင်ရပ်ကွက်ရှိ ရွှေပြည်စိုးဆီစက်၊ စက်မှုဇုန်ရှိ ဇင်ယော်ဆီစက်နှင့် မိဘမေတ္တာဆီစက်သို့သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးအချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများကို မှန်ကန်စွာထည့်သွင်း၍ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဆောင်ရွက်မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစား၊ မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး FDA  ၏ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်  နောက်ပိုင်းကာလများ၌ ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)