ဘီးလင်းမြို့နယ်တာဝန်ခံမှ အုတ်ဖိုလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   ၁၆.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ အုတ်ဖုတ် (အုတ်ဖို)လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အုတ်ထုတ်လုပ်မှုအခြေအနေအား တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံမေးမြန်းရာ အုတ်ဖုတ်လုပ်ငန်းတွင် အလုပ်သမားဦးရေ (၃၀) ဦးဖြင့် လုပ်ငန်းလည်ပတ်လျှက်ရှိပြီး အုတ်တစ်ဖို ထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ ကျပ်သိန်း(၈၀-၉၀) ဝန်းကျင်ရှိပြီး အုတ်တစ်ဖိုလျှင် အုတ်အလုံးရေ (၁)သိန်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိလာသော အုတ်များကို တစ်လုံးလျှင် (၁၄၅) ကျပ်နှုန်းဖြင့် ရောင်းချရာ အုတ်တစ်ဖိုလျှင် ကျပ်သိန်း(၃၀) ခန့်အမြတ်ကျန်ရှိသဖြင့် တွက်ခြေကိုက်မှုရှိကြောင်း သိရှိရသည်။

   အုတ်လုပ်ငန်းမှ ထွက်ရှိလာသော အုတ်များကို ဘီးလင်းမြို့နယ်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရှိရပြီး ဘီးလင်းမြို့နယ်ရှိ အုတ်ဖုတ် (အုတ်ဖို)လုပ်ငန်းရှင်များမှာ ဒီဇင်ဘာလမှ ဧပြီလအထိ အုတ်ဖုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)