တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့် တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီက ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာတို့က စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ အစီအစဉ်တွင် မြို့နယ် တာဝန်ခံ ဒေါ်အေးအေးခိုင်က ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် အရေးကြီးပုံ များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပြဌာန်းချက်များ၊ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအား လုပ်ငန်းရှင်များဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ထားမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)