ဘားအံမြို့၊ အ.မ.က (၁)မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၁၈-၁-၂၀၂၄  ရက် (ကြာသပတေးနေ့) ၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က(၁)မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက စားသုံးသူအခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

    ဟောပြောပွဲတွင် ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ဦးရေ (၁၈၀) ဦး တက်ရောက်ခဲ့ကာ  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)