ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၁၇-၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က(၃) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆရာ၊ ဆရာမ (10) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ စုစုပေါင်း (၂၁၀) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးအကြောင်း  သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန် နမူနာမုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်း ပြောကြားခဲ့ကြသည်။ ထို့နောက် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)