စားသုံးသူကာကွယ်ရေး ပြည်သူလူထုများအား အသိပညာပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်၍ (၁၅.၁.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ပြည်သူ(၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်(၈)ချက်၊ ကုန်စည်ဝန်ဆောင်မှု အဓိပ္ပါယ်အကြောင်း၊ အခန်း(၁၂)ပုဒ်မ(၂၄) ပုဒ်မ(၂၅) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်းကိုလည်းကောင်း၊ အခန်း(၁၄)ပုဒ်မ(၂၇) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး ကိုလည်းကောင်း၊ အခန်း(၁၈)ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြု ဝယ်ယူသုံး စွဲသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက အခန်း(၁၉)တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းကို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။  ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်းနှင့် စာကြည့်တိုက်ဖွင့်လှစ်ခြင်း စာကြည်တိုက်ဖတ်ရှုရေးလုပ်ငန်းရှင်သန်နိုင်ရေးကို ဆွေးနွေးခြင်း၊ တက်ရောက်လာသူပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)