မိုးညှင်းမြို့နယ်၊လယ်မှီးအုပ်စု၊အင်ကြင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၁.၁.၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ လယ်မှီးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူ က တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံး(CICC)သို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပြီး တိုင်ကြား နိုင်သည့်နည်းလမ်းများ၊စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းတို့ကို သိရှိလိုပါကဦးစီးဌာန၏ Website လိပ်စာဖြစ်သော www.doca.gov.mm တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)