မိတ္ထီလာခရိုင်အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် စက်မှုဇုန်ရှိ အရီးသန်းလက်ဖက်နှင့် ပဲကြော်လုပ်ငန်း၊ မိတ္ထီလာမြို့နယ်၊ မန်ကျည်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ရွှေမိုးပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံကာ မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုအခါ၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ ပုဒ်မ (၄၁) တွင်လည်း ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၏ ဥပဒေများပါရှိကြောင်း၊ ထို့အပြင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဆောင်ရွက်မှုရှိစေရေး ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်နှင့်  နောက်ပိုင်းကာလများ၌ ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)