၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

Powered by Drupal

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ထူးဆောင် ကျောင်းသား/သူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ၊နံနက် (၈:၀၀) နာရီ အချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ထူးချွန်ထက်မြက်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသည့် ကျောင်းသား/သူများ ဖြစ်ပေါ်လာစေရန် သင်ကြားမှု၊ သင်ယူမှု၊ ပတ်ဝန်းကျင်ကောင်းရှိစေရန် သင်ထောက်ကူပစ္စည်းများပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတော်က တစ်နိုင်ငံလုံးပညာရေးနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

    ထို့ပြင် မွန်ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ အရည်အသွေးတိုးတက်မြင့်မားလာစေရန် ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့စည်းများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ပြည်နယ်အဆင့်ထူးချွန်ဆုရ ကျောင်းသား/သူများကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြရာ အခမ်းအနားအား (၁၀:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)