စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ အငယ်တန်းစာရေး ဦးခိုင်လွမ်းမိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၈ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဓနုဖြူလူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

  အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၅)ပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အသိပညာနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ သုသေတနပြုမှုများကို ပြန်လည်သုံးသပ်၍ စားသုံးသူအကျိုးအတွက် ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခန်း(၆) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းကို ပြည်သူများသိရှိနိုင်ရန် အကျယ်တဝင့် ရှင်းလင်းနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)