မိတ္ထီလာမြို့နယ်အတွင်း အလှကုန်ဆိုင်များအား ကွင်းဆင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍    မိတ္ထီလာမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား   သုံးစွဲရန်မသင့် ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အလှကုန်ပစ္စည်းအရောင်းဆိုင် (၁၅)ဆိုင်အား စျေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်း သုံးစွဲရန်မသင့် ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းဖြစ်သည့် Karisma Turmeric Booster Cream ၊ Serene Trament Cream (NA)၊ Karisma Preventing Day Cream အား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးရာတွင် အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)