စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီ လ(၁၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ( ၆ )ရပ်ကွက်နေပြည်သူ (၂၀ )ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်းကို မြို့နယ်တာဝန်ခံရုံးတွင်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများထဲမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများ လုပ်ငန်းရှင်များမှမိမိထုတ်လုပ်ဖြန့်ဖြူးသော ကုန်စည်များ၏ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို မည်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပါဝင်မှု၊ ဖော်ပြထားရှိမှုများနှင့် ပတ်သက်၍ပြောကြားပြီးနောက် တိုင်း/ ခရိုင် /မြို့နယ်များတွင် လည်းတိုင်ကြားမှုလက်ခံစင်တာများထားရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ၊ လူထုမီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တိုင်ကြားနိုင်သလို Callcenter 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)