စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ဇန်နဝါရီလ (၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/သားများအား ကျေးရွာဓမ္မရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူကာကွယ်ပေးရေးဥပဒေတစ်ရပ်ကို ၂၀၂၄ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဥပဒေသစ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉/၂၀၁၉)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ထပ်မံပြဌာန်း လိုက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူမှ တောင်းဆိုသည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်းသုံးစွဲပုံ နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြ ချက်နှင့် ကြိုတင်သတိပေးခြင်းတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူ အများပြည်သူတို့အား ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရရှိစေရေးတို့အတွက် စားသုံးသူအများပြည်သူများအနေဖြင့် Online မှ ကြော်ငြာပြီး ရောင်းချလျက်ရှိသည့် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူအသုံးပြုရာတွင် အာမခံချက်ရှိသော သက်ဆိုင်ရာဌာနများတွင် တရားဝင်မှတ်ပုံတင်ထားသော Online Shopping များမှ ဝယ်ယူသုံးစွဲကြရန်၊ အမှန်တကယ်နစ်နာဆုံးရှုံးသူများရှိလာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ဖွင့်လှစ်ထားပါကြောင်း အသိပညာပေး ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။
DOCA(ရန်ကုန်)