ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် စားသုံးရန်မသင့်သောပဲဆီ ရောနှောဆီ ရောင်းချသည့်ဆိုင်များအား ခေါ်ယူအသိပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးအရာရှိ ခရိုင်ဦးစီးမှူးတို့မှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော မြေပဲဆီနှင့် ပဲရောဆီအရောင်းဆိုင်များမှ ဆီများအား နမူနာကောက်ယူပြီး စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ထည့်သွင်းရောနှောထားခြင်းရှိ/မရှိ သိရှိစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ပါသည်၊၊

   ထိုသို့ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ပုသိမ်ခရိုင် ၊ ငပုတောမြို့အတွင်းရှိ ကုန်မျိုးစုံ ရောင်းချ လျက်ရှိသော ဆိုင် (၂) ဆိုင်နှင့် ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့ရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော ဆိုင် (၂)ဆိုင်မှာ ရောင်းချလျက်ရှိသော ပဲဆီနှင့် ပဲရောဆီများတွင် စားသုံးရန်မသင့်သော Acid Value Aflatoxine B1 သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး နောင်တွင် အဆိုပါဆီများ ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းအဖွဲ့များမှ လာရောက်စစ်ဆေးသည့်အခါ ထပ်မံတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့ တိုင်းဦးစီးမှူးရုံးတွင် ခေါ်ယူသတိပေး လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)