အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်းတွေ့ဆုံခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းရှင်များထံကွင်းဆင်း တွေ့ဆုံပြီး လုပ်ငန်းရှင်၏ဖြစ်ပေါ်နေသော အခြေအနေအခက်အခဲနှင့် လိုအပ်ချက်များအား စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

 (၂၄.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ “ကောင်းဦးထက်”ပဲပေါင်မုန့်လုပ်ငန်းရှင်နှင့် “မိုးကောင်းကင်” အုန်းပေါင်မုန့်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် သွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ အခက်အခဲများ၊ လိုအပ်ချက်များအား မေးမြန်းခဲ့ပါသည်။

   “ကောင်းဦးထက်” နှင့် “မိုးကောင်းကင်” မုန့်လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းဂျုံများမှာ မန္တလေးမြို့မှ ဝယ်ယူကြောင်း၊ လုပ်ငန်းသုံးဆီအား စားသုံးသူရေးရာဦးစီးဌာန၏ ကူညီချိတ်ဆက်ပေးမှုဖြင့် လစဉ်ရရှိနေ၍ လုပ်ငန်းအတွက်အဆင်ပြေနေပါကြောင်းနှင့် ထွက်ရှိသော ကုန်ချောပဲပေါင်မုန့်၊ အုန်းပေါင်မုန့်များအား မကွေး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်း၊ အောင်လံ၊ တောင်တွင်းကြီး၊ မင်းလှမြို့များသို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)