စားသုံးဆီများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၂) နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းလှမြို့ စည်ပင်သာယာမြို့မဈေး အတွင်းရှိ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်များသို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူကာကွယ်ရေးဉပဒေပါ အခန်း(၁၈)အရ ဖော်ပြပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန် ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်စေမည့် ကုန်စည်များ ၊ သက်တမ်းလွန် ကုန်စည်များအား  ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်း‌ဒေသကြီး