စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ် ကွေ့ချောင်း ရပ်ကွက် ၊ ကွေ့ချောင်းလမ်းရှိ ဝင်းနောင်ဆန်စက်သို့ ( ၂၂.၁.၂၀၂၄ ) ရက်နေ့ ၊ နံနက် ( ၁၀:၀၀ ) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ စားသုံး / ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် ဝင်းနောင် ဆန်စက်ပိုင်ရှင် ဦးခင်မောင်ချိုနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရန်၊ ဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည် အသွေး ရှိခြင်း ၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)