စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၁.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို၊ မြို့မရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိနိုင်ရန် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်