ကန့်ဘလူခရိုင်၏ ဇန်နဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကန့်ဘလူမြို့ “မြို့မဈေး”ရှိကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား စစ်ဆေးခြင်း (၁)ကြိမ် စသည့်ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းစုစုပေါင်း(၃)ကြိမ် ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်  အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)