ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် ညွှန်ကြားချက်၁/၂၀၂၁အားရှင်းလင်းဆွေးနွေး

Powered by Drupal

              ၂၇.၁.၂၀၂၂ ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးသည် မင်းကုန်းရပ် ကွက်ရှိ ဗန်းမော်ပဲဆီသန့်ရောင်းဝယ်ရေးဆိုင်တွင် စားသုံးဆီထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အား ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဟင်းသီးဟင်း ရွက်ဆီ( Vegetable Oil, Cooking Oil)ဟူ၍ ဖော်ပြခြင်းမပြုဘဲ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ မြန်မာဘာသာဖြင့်တိကျစွာဖော်ပြရန်၊ ဥပမာ-ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏ၊ အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ သက်ဆိုင်ရာဦးစီးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ (၁/၂၀၂၁)ညွှန်ကြားချက်သည် ထုတ်ပြန်သည့် ၂၀.၁၂.၂၀၂၁ မှ (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ပါကြောင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်