မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဦးဩဘာသခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားအား (၆-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ခရိုင်ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ NGO အဖွဲ့ဝင်များနှင့် အမှတ်(၁/၂/၃/၄)မှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ၊ ထောက်ရှာပင်ကျေးရွာရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရိုင်စီမံဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းဆောင်ရွက်ခဲ့ကာ နိုင်ငံ့ဝန်ထမ်းပင်စင်စားသုံးထောင်ကျော်က လက်ခံရယူခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းပင်စင်စားများကိုယ်စား အမှတ်(၂)ရပ်ကွက်မှ ပင်စင်စားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ပင်စင်စားများအား အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)