စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ မတ်ပဲစိုက်တောင်သူ(၆၈)ဦး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ညောင်တုန်းမြို့နယ်ရှိ တောင်သူများအား မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး၊ အထွက်ကောင်းမျိုးများ အသိပညာပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ညောင်တုန်းမြို့နယ်အတွင်း မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲမျိုးများ စိုက်ပျိုးမည့်တောင်သူများအနေဖြင့် နှစ်စဥ်အကျိုး စီးပွားဖြစ်ထွန်းစေရန် စိုက်ပျိုးနိုင်မည့်ရာသီအလိုက် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီးအထိ တိုးမြှင့်စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်များရွေးချယ် အသုံးပြုစိုက်ပျိုးစေလိုကြောင်း၊ သီးနှံစိုက်ပျိုးချိန် နောက်ကျမှုမရှိစေရေးအတွက် ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက တောင်သူများ ပဲစိုက်ပျိုးရာတွင် အသုံးပြုလျက်ရှိသော ဓါတ်မြေဩဇာများ ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာ လေ့လာဖတ်ရှု၍ ဝယ်ယူအသုံးပြုစေရန် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အခန်း(၁၈)၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးကို သိရှိနားလည်ပြီး၊ လိုက်နာရမည့် တာဝန်များကိုလည်း လေးစား လိုက်နာကြရန်၊ မည်သည့်ကုန်စည်ကို ဝယ်ယူပါစေ ကုန်အညွှန်းအမှတ်အသားသည် အရေးကြီးသည် ဖြစ်၍ အညွှန်းကိုနားလည်မှသာ အသုံးပြုသည့် နည်းစနစ်မှန်ကန်၍ အထွက်တိုးသောသီးနှံများဖြစ်နိင်မည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးကိုသိရှိပြီး အမှန်တကယ်နစ်နာမှုရှိပါကလည်း စားသုံးသူရေးရာဦးစီးဌာမှ နစ်နာမှုအတွက် ကာကွယ်ဆောင်ရွက်လျက်ရှိသောကြောင့် နစ်နာမှုကို တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကိုပါ အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)