ဆိပ်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ (၈.၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် ယောဝရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ(၁၈)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၆၉)ဦး၊ စုစုပေါင်း (၂၈၇)ဦး တက်ရာက်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခက်ခက်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူများမှ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအား ယခုဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက ဓါတုဆိုးဆေး၊ တာရှည်ခံဆေးနှင့် ပိုးသတ်ဆေး အန္တရာယ်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈)၊ ပုဒ်မ- ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ကြည့်ရှု့ပြီးရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဒေါ်နန္ဒာလှိုင်က သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ကြက်ခြေနီအခန်းကဏ္ဍများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)