ဒေးဒရဲမြို့ မြို့မဈေးအပြင်တန်းရှိ စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်တို့အား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil, Cooking Oil ) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီစသည်ဖြင့် အမျိုးအမည်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ပြည်ပမှတင်သွင်း လာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေး ပြည်သူများ ကျန်မာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်   စားသုံးဆီများကို  သုံးစွဲနိုင်ရေး ၊    ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှစားသုံးဆီများတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များ အနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)