စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၊နေ့လယ်( ၁၃:၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များဖြစ်သော ထွန်းသောင်၊ စွယ်စုံ၊ မင်းမင်းနှင့် သိင်္ဂီရွှေစင်ဆေးဆိုင်များသို့ ဈေးကွက်အတွင်း ကွင်းဆင်းလေ့လာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်။ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ အသိပညာပေး၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအနေဖြင့် မန္တလေးမြို့မှတစ်ဆင့် ဝယ်ယူရောင်းချခြင်း၊ ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချခြင်းများသာရှိပါ၍ ဈေးနှုန်းအတက်၊ အကျမှာ မန္တလေးမြို့နှင့် ဆေးကုမ္ပဏီများပေါ်တွင် မူတည်ပြီး အနည်းငယ်သာရှိပါကြောင်း၊ များသောအားဖြင့် ဆေးဆိုင်နှင့်လူနေအိမ်မှာ တွဲလျက်ဖွင့်လှစ်ထားခြင်းများသာ ဖြစ်၍ အိမ်၌ ဆေးများသိုလှောင်ရာတွင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း သိုလှောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)