မအူပင်မြို့ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၉.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)ထန်းပင်ကွေ့အရှေ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေ သိကောင်းစရာများကို လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေးဆွေးနွေးရာ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်းကောင်း၊ အခန်း(၁၁) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေး ခြင်းအကြောင်းကိုလည်းကောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်း ကိုလည်းကောင်း၊ ပုဒ်မ ၃၅၊ အခန်း(၁၇) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ဖြစ်သည့် အချက်အလက်များအကြောင်းကိုလည်းကောင်း၊ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်အလက် သတ်မှတ်ချက်များအကြောင်းကို လုပ်ငန်းရှင်များသိရှိနိုင်ရန် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းမှုများကိုလည်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။ အခြားမိတ်ဖက်ဌာနများကလည်း သက်ဆိုင်ရာလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)