ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၁၆)ရပ်ကွက်ရှိ ပြည်သူ(၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့် Call Center (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)