စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အဏုမြူစွမ်းအင်ဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြန်မာ့‌ဆေးဝါးလုပ်ငန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာကုန်ပစ္စည်းစစ်‌ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်က မိမိတို့ နည်းပညာဆပ်ကော်မတီက အတည်ပြုဆွေးနွေးပြီးဖြစ်သည့် မြန်မာ့ဆန်မှုန့်စံချိန်စံညွှန်းနှင့် မန်ကျည်းသီးစံချိန်စံညွှန်း အပါအဝင် မြန်မာစံချိန်စံညွှန်း စုစုပေါင်း (၆၃) ခုကို ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၈ ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာစံချိန်စံညွှန်းများအဖြစ် ပြဋ္ဌာန်းနိုင် ခဲ့ပါကြောင်း၊ နည်းပညာဆပ်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင်လည်း ပဲတီစိမ်း စံချိန်စံညွှန်း (မူကြမ်း) အား အဖွဲ့ဝင်များထံ သဘောထားမှတ်ချက်တောင်းခံရန်နှင့် သဘောထား မှတ်ချက်များရရှိပါက နည်းပညာဆပ်ကော်မတီအစည်းအဝေး ပြန်လည်ခေါ်ယူ၍ အတည်ပြုချက် ရယူရန်နှင့် ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ အုန်သီးအရင့်တို့အား မြန်မာ့စံချိန်စံညွှန်း အဖြစ် ရေးဆွဲနိုင်ရေးအတွက် စံချိန် စံညွှန်းလုပ်ငန်းကော်မတီသို့ အဆိုပြုလွှာတင်ပြရန်အပါအဝင် ဆုံးဖြတ်ချက် (၅) ချက် ချမှတ်ခဲ့ပါကြောင်း၊ မြန်မာစံချိန်စံညွှန်း(မူကြမ်း) အဖြစ် ရေးဆွဲထားသည့် ငရုတ်သီးစိမ်းကို နည်း ပညာဆပ်ကော်မတီအဆင့်တွင် ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ခေါ်ယူ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် ငရုတ်သီးစိမ်း စံချိန်စံညွှန်း (မူကြမ်း) အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်းနှင့် စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် အထောက်အကူပြုနိုင်ရေး  စံချိန်စံညွှန်းများပိုမိုရေးဆွဲနိုင်ရေး မိမိတို့နည်းပညာဆပ်ကော်မတီက ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး နည်းပညာဆပ်ကော်မတီ အတွင်းရေးမှူးက နည်းပညာဆပ်ကော်မတီ၏ (၂/၂၀၂၃) နှင့် (၃/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ASEAN Standard ကို ကိုးကားရေးဆွဲပြုစုထားသည့် ငရုတ်သီးစိမ်း စံချိန် စံညွှန်း (မူကြမ်း) ကို တင်ပြခဲ့ရာ အဆိုပါမူကြမ်းအပေါ် နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။