စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးအောင်အောင်(မြို့နယ်ရဲတပ်ဖွဲ့မှူး) ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)နှင့် ပြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ် (ဒု-ဦးစီးမှူး)တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်လာမှုမရှိစေရန်နှင့် ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့် သက်ဆိုင်ရာဌာနများက တားမြစ်ထားသော ကုန်စည်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ အရည်အသွေးပြည့် မီခြင်းမရှိသော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသုံးကုန်ပစ္စည်းသော်လည်ကောင်း၊ လူသုံးကုန်ပစ္စည်းသော်လည်ကောင်း၊ အဆိုပါ ကုန်စည်တစ်မျိုးမျိုးကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စားသုံးသူပြည်များကို စိတ်ကျေနပ်မှုရှိစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ချင်း)