စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိ သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-ခုနှစ် မတ်လ(၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ BB Mart နှင့် BOB Mart ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လူအများ စားသုံးလျက်ရှိသည့် အသင့်စား စားသောက်ကုန်များဖြစ်သည့် အိမ်ချက်အကြော်အမျိုးမျိုး၊ ဇလုံကြီးအမှတ်တံဆိပ် ဆီပြန် ဟင်းအနှစ်စသည့် စားသောက်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် စားသောက်ကုန်များကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် တားမြစ်စားသောက်ကုန်များ စသည်တို့ကိုလည်း ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)