စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၃.၂၀၂၄)ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန် မှုဖြင့် ခရိုင်/မြို့နယ် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်း/ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်း ဆေးဝါး ပစ္စည်းများဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားခြင်းနှင့် ဆေး၀ါးပစ္စည်းများ ပြတ်လတ်မှု ရှိ၊ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများထက် ပိုမိုရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးလေ့လာ ခဲ့ပါသည်။
သရက်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၆)ဆိုင်တို့ကို ကွင်းဆင်းစစ်ဆေး လေ့လာရာတွင် ကျန်းမာရေးဦးစီးဌာန၊ တိုင်း/ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ဆေးဆိုင်ပိုင်ရှင်များအား ဆေးများအား စနစ်တကျ ထားရှိရန်၊ သန့်ရှင်းမှုကိုအလေးထားရန်၊ တိုင်းရင်း ဆေးနှင့် နိုင်ငံခြားဆေးများကို အတူတကွထားရှိခြင်းမပြုရန် စစ်ဆေးပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးနှင့်ဆေးပစ္စည်း များသိုလှောင်ထားရှိ ခြင်းမရှိစေရန်နှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးနှင့်ဆေးပစ္စည်းများအား ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှ သက်တမ်းလွန်ဆေးဝါးများ သုံးစွဲပါက စားသုံးသူများဘေးအန္တရာယ်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)