စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ မတ်လ(၁၄)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကျွန်းလှမြို့ “Mo”သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ ကုန်ကြမ်းပစ္စည်း ပြတ်လတ်မှု ရှိ/မရှိ ၊ အလုပ်သမားအရေအတွက်၊ တစ်ရက် ထုတ်လုပ်မှုပမာဏများကို မေးမြန်းပြီး ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် “Mo”သောက်ရေသန့်စက်ရုံမှ သောက်ရေသန့်ထုတ်လုပ်မှု အဆင့်ဆင့် တွင်လည်း သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် သောက်ရေသန့် ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များကို ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်နှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းရှင်များ မုန့်မျိုးစုံလုပ်ငန်းများ နှင့် အစားအသောက် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း ၊စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(စစ်ကိုင်း)