ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျင်းပခဲ့ပါသည်။
ကျိုက်လတ်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ ပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကကျသော ဆန်၊စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ တည်ငြိမ်မှုရှိစေရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိရောက် အကျိုးရှိမည့် နည်းလမ်းများဖြင့် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ပျက်ပြား စေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်အမှုဆောင်များက ဒေသအတွင်းစိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်ကုန်/ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်စည်အဝင်အထွက် မျှတမှု ရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသအတွင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများ၊ ဒေသအတွင်း ကုန်ပစ္စည်းထုတ်လုပ်မှုတိုးတက် ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးဆိုင်ရာ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပက်သက်၍ အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး မြို့နယ်စားသုံးဆီအသင်းကို အလုပ်အမှုဆောင် (၁၁) ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)