ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၁၃-၃-၂၀၂၄)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်၌ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အဖွဲ့ဝင်များနှင့်အတူ ဓနုဖြူမြို့နယ် ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ဥပဒေရုံးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်များပူးပေါင်း၍ ဓနုဖြူ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများလက်လီ၊ လက်ကားရောင်းချနေသော ဆေးဆိုင်များအား  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ရောင်းချခွင့်လိုင်စင် ရှိ/မရှိနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချမှုရှိ/မရှိ ၊ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့် ဆေးဝါးနှင့် အလှကုန်များရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ဓနုဖြူမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးတာဝန်ရှိသူမျာက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် ထုတ်ပြန်ခဲ့ပြီး ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက် မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေး အမျိုးမျိုးတို့တွင် ကုန်အမှတ်တံဆိပ်၊ အမျိုးအမည် ၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပါဝင်မှု ပမာဏ ၊ ထားသို သိမ်းဆည်းပုံ အညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည်စုံမှန်ကန်စွာဖော်ပြထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင် (၆)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)