ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊(၂၈)လမ်း ထိပ်ခေါင် မုန့်ဖတ်ထုတ်လုပ်ရေး လုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိပ်ခေါင် မုန့်ဖတ်ထုတ်လုပ်ရေး လုပ်ငန်း ပိုင်ရှင် ဦးသိန်းလွင်မှ မုန့်ဖတ်ထုတ်လုပ်ရာတွင် တနေ့လျှင် ဆန်ကွဲအိတ် တစ်အိတ်ခွဲခန့် ကုန်ကျပြီး မုန့်ဖတ် အချိန်(၅၀) ခန့် ပြန်ရရှိကြောင်း၊ မုန့်ဖတ် တစ်ပိဿာလျှင် (၁၈၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်းနှင့် လုပ်သား(၄) ဦးဖြင့် နေ့စဉ် ထုတ်လုပ်နေကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ အသုံးမပြုကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ရန်လိုကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)